နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, August 25, 2019

been နဲ့ gone ဘယ်လိုကွာလဲ


ဒီစာကြောင်းလေး အရင် ဖတ်ကြည့်ပါ။
§  “Is Lucy here?” “No, she’s gone to London.”
လူစီ ဒီမှာလား” “ဟင့်အင်း သူက လန်ဒန်ကို သွားပြီ
ဒီဝါကျမှာ သွားတာကို ပြောဖို့ gone ကို သုံးထားတယ်နော်။ (မူရင်း verb က go ပါ) ဒီလို gone ကို သုံးလိုက်တဲ့အခါမှာ တစ်ယောက်က တစ်နေရာကို သွားပြီ။ အဲဒီ သွားတဲ့နေရာမှာ ရှိနေတယ် ဒါမှမဟုတ်ရင် လမ်းမှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
အင်္ဂလိပ်လိုကတော့ ဒီမှာ မှတ်ကြမယ်။
v  Is somebody has gone to a place, he or she is there now, or on the way.
နောက်ထပ် ဥပမာ ဝါကျတွေကို ကြည့်ကြဦးမယ်။
§  Paul has gone to the hospital this morning (= he is still there).
ပေါလ်က ဆေးရုံကို ဒီမနက် သွားတယ်။ (သူဆေးရုံမှာပဲ ရှိသေးတယ်။ ဒါကြောင့် gone သုံးထားတယ်)
§  He has gone to New York. (= he is still there)
သူက နယူးယောက်ကို သွားပြီ။ (သူ နယူးယောက်မှာပဲ ရှိသေးတယ်။ ဒါကြောင့် gone သုံး)
          ဒီတစ်ခါတော့ နောက်ထပ် ဥပမာဝါကျတစ်ကြောင်းကြည့်ရအောင်။
§  She’s been to see us twice since Christmas.
သူက ငါတို့ဆီကို ခရစ်စမတ်ကတည်းက နှစ်ကြိမ်လာပြီးပြီ။
ဒီတစ်ခါမှာတော့ been သုံးထားတယ်နော်။ been သုံးတဲ့အခါမှာ တစ်နေရာရာကို လာတယ် ပြီးတော့ ပြန်သွားတယ်၊ ဒါမှမဟုတ်ရင်လည်း တစ်နေရာရာကို သွားပြီး ပြန်ရောက်လာတာကို ပြောတယ်။ နေရာတစ်ခုကို သွားတာ ပြီးဆုံးသွားပြီဆိုတဲ့ သဘောပေါ့။
အင်္ဂလိပ်လို မှတ်ချင်ရင် ဒါလေး ဖတ်ကြည့်ပါ။
v  Been is also used to mean ‘come (and gone away again)’.
နောက်ထပ် ဥပမာလေးတစ်ခု ကြည့်ပါ။
§  Ben has been to Spain. (= he went to Spain, but now he is back)
ဘန်က စပိန်ကို သွားပြီးပြီ။ (သူစပိန်ကို သွားခဲ့တယ်။ ဒါပေမဲ့ ခုပြန်ရောက်နေပြီ။ သွားတဲ့ ကိစ္စပြီးပြီမို့ been သုံးထားတာ)
နှစ်ခု နှိုင်းယှဉ်ပြီး မှတ်ကြည့်ပါဦး။
§  Joan’s just gone to the shop. She’ll be back in about ten minutes. (=Joan has not yet returned from the shop.)
ဂျုံး က ခုပဲ ဈေးဆိုင်ကို သွားတယ်။ ဆယ်မိနစ်လောက်ဆို သူပြန်ရောက်မှာပါ။ (ခုတော့ သူဈေးဆိုင်မှာပဲ ရှိသေးတယ်။ ပြန်မရောက်သေးဘူးလို့ ဆိုလိုတယ်)
§  Joan’s just been to the shop. She bought some cakes. Would you like one? (=Joan has returned from the shop.)
ဂျုံး က ခုပဲ ဈေးဆိုင်သွားပြီးတာ။ သူကိတ်မုန့် တချို့ဝယ်လာတယ်။ တစ်ခုလောက် စားပါလား။ (ဈေးဆိုင်သွားပြီးလို့ ပြန်တောင်ရောက်လာပြီ)
Ø  တစ်ခုတစ်ခု ပျောက်ကွယ်သွားပြီ၊ ဒါမှမဟုတ် နောက်ထပ်မရှိတော့ဘူးဆိုတာ ပြောဖို့ be ကို gone နဲ့ သုံးနိုင်တယ်။
အင်္ဂလိပ်လိုလည်း မှတ်ထားပါ။
v  We can use be with gone to say that something has disappeared, or that there is no more.
ဥပမာ ကြည့်ရအောင်။
§  Is the butter all gone?
ထောပတ်အားလုံး ကုန်သွားပြီလား။
§  When I came back my car was gone.
ကျွန်တော် ပြန်ရောက်လာတဲ့အချိန်မှာ ကားမရှိတော့ဘူး။
ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ Dreams Do Come True ဆိုတဲ့ ဝတ္ထုလေးထဲမှာ “The earrings were gone a long time before I noticed.” လို့ ပါတာ မှတ်မိတယ်နော်။ ခုပြခဲ့တဲ့ ဥပမာတွေလိုပဲ နားကပ်တွေ မရှိတော့တဲ့ သဘောကို ပြောထားတာပါ။
စေတနာဖြင့်
ဆရာစည်သူထက်



References:
1.    Basic English Usage (Michael Swan)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ