နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Monday, December 30, 2019

to in at (places 3)

နေရာပြတဲ့ prepositions တွေထဲက to, in, at ဆိုတဲ့ preposition သုံးခုအကြောင်းကို ထပ်ကြည့်ကြရအောင်။
to ကို စကြည့်ကြမယ်။
to ကို ဒီလိုသုံးနိုင်တယ်။
v  go/come/return/walk (etc.) to
မြန်မာလိုတော့ to ကို “သို့၊ ဆီသို့” ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးတာ သိမှာပေါ့။ ဦးတည်ရာကို ညွှန်ပြပါတယ်။ ဘယ်နေရာကိုသွားတယ်၊ ဘယ်နေရာကိုလာတယ်ဆိုတာကို ပြတဲ့ စကားလုံးပေါ့။


ဥပမာလေးတွေ ကြည့်ပါ။
§  We are going to London on Sunday.
ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ လန်ဒန်ကိုသွားမယ်။
§  I want to go to Italy next year.
နောက်နှစ် ကျွန်တော် အီတလီကို သွားချင်တယ်။
§  We walked from my house to the centre of town.
ကျွန်တော်တို့ ကျွန်တော့်အိမ်ကနေ မြို့လယ်ကို လမ်းလျှောက်သွားခဲ့တယ်။
§  What time do you go to bed?
မင်းဘယ်အချိန် အိပ်ရာဝင်လဲ။
နောက်ထပ် ထပ်ကြည့်ရအောင်။


§  The bus is going to the airport.
ဘတ်စကားက လေဆိပ်ကို သွားနေတယ်။
§  Karen didn’t go to work yesterday.
ကာရင်က မနေ့က အလုပ်ကို မသွားခဲ့ဘူး။
§  I went to a party last night.
မနေ့ညက ပါတီပွဲတစ်ခုကို ငါ သွားခဲ့တယ်။
§  You must come to our house.
မင်း ငါတို့အိမ်ကို လာရမယ်။
          in/at နဲ့ ဆိုင်တာလေးလည်း ကြည့်ကြပါစို့။
be/staty/do something (etc.) in… ပုံစံနဲ့ သုံးနိုင်တယ်။

§  Piccadilly Circus is in London.
ပစ်ကယ်ဒစ်လီ ဆပ်ကပ်က လန်ဒန်မှာ။
§  My brother lives in Italy.
ကျွန်တော့်အစ်ကို အီတလီမှာနေတယ်။
§  The main shops are in the centre of town.
အဓိကဆိုင်တွေက မြို့လယ်မှာ။
§  I like reading in bed.
ကျွန်တော် အိပ်ရာထဲမှာ စာဖတ်ရတာ ကြိုက်တယ်။

be/stay/do something (etc.)at.. ပုံစံကိုလည်း ကြည့်ကြမယ်။


§  The bus is at the airport.
ဘတ်စကားက လေဆိပ်မှာ။
§  Sarah wasn’t at work yesterday.
မနေ့က ဆာရာက အလုပ်မှာမရှိဘူး။
§  I met a lot of people at the party.
ပါတီပွဲမှာ ငါလူတွေအများကြီးကို တွေ့ခဲ့တယ်။
§  Helen stayed at her brother’s house.
ဟယ်လင်က သူ့အစ်ကိုရဲ့ အိမ်မှာ နေခဲ့တယ်။
ထူးခြားတာတစ်ခု မှတ်သားစရာလည်း ရှိပါတယ်။ အဲဒါက home ပါ။ go/come/walk စတာတွေနဲ့ home ကို သုံးတဲ့အခါ to မထည့်ဘဲ သုံးနိုင်ပါတယ်။ ဒီပုံစံပေါ့။
v  go/come/walk (etc.) home (without to):
ဥပမာ-
§  I am tired. I’m going home. (not to home)
ငါပင်ပန်းနေပြီ။ ငါအိမ်ပြန်တော့မယ်။
§  Did you walk home?
နင်အိမ်ကို လမ်းလျှောက်ပြန်ခဲ့တာလား။

v  be/say/do something (etc.) at home
ဥပမာ-
§  I’m staying at home tonight.
ငါ ဒီညအိမ်မှာနေမယ်။
§  Dan doesn’t work in an office. He works at home.
ဒန်က ရုံးမှာအလုပ်မလုပ်ဘူး။ သူက အိမ်မှာ အလုပ်လုပ်တာ။
arrive နဲ့ get ကို လည်း ကြည့်ရအောင်။
ရောက်ရှိသည် ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆို arrive တို့ get တို့ သုံးနိုင်တယ်။
နိုင်ငံတို့၊ မြို့တို့လို နေရာကျယ်ကျယ်တစ်ခုကို ရောက်တာမျိုးဆို arrive in သုံးရတယ်။ ခုပုံစံကို မှတ်သားပါ။
v  arrive in a country or town (arrive in Italy/ arrive in Paris etc.):
§  They arrived in the country last week. (not arrived to this country)
သူတို့ ပြီးခဲ့တဲ့အပတ်က ကျေးလက်ဒေသကို ရောက်ရှိခဲ့တယ်။
ဘူတာရုံ၊ အလုပ်၊ ကားမှတ်တိုင် စတဲ့ နေရာတစ်ခုခုကိုရောက်တာကျတော့ arrive at ကို သုံးရတယ်။ ဒါက မှားတတ်ပါတယ်။ နည်းနည်း သတိထားပြီး မှတ်သားပါ။
v  arrive at other places (arrive at the station/ arrive at work etc.):
§  What time did you arrive at the hotel? (not arrive to the hotel)
နင် ဟိုတယ်ကို ဘယ်အချိန်ရောက်ခဲ့သလဲ။
get ကျတော့ to နဲ့ တွဲသုံးပေးရတယ်။
v  get to (a place)
§  What time did you get to the hotel?
မင်း ဘယ်အချိန် ဟိုတယ်ကို ရောက်တာလဲ။
§  What time did you get to Paris?
မင်း ပဲရစ်ကို ဘယ်အချိန်ရောက်တာလဲ။
home နဲ့ဆိုရင်တော့ နောက်မှာ to ထည့်စရာ မလိုတော့ပါဘူး။
v  get home/ arrive home (no preposition)
§  I was tired when I got home. or I was tired when I arrived home.
အိမ်ပြန်ရောက်တဲ့အချိန်မှာ ငါပင်ပန်းနေတယ်။
ဒီလောက်ဆိုရင် သိသင့်သိထိုက်တာတွေ နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
                                      Ref: English Grammar in Use

Tuesday, December 10, 2019

from …to until since for

Prepositions တွေထဲမှာမှ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံလေးတွေကို ကြည့်ကြရအောင်။
v  from….to….
§  We lived in Japan from 2003 to 2010.
ကျွန်တော်တို့ ဂျပန်မှာ ၂၀၀၃ ခုနှစ်က ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
§  I work from Monday to Friday.
ကျွန်တော်က တနင်္လာနေ့က သောကြာနေ့အထိ အလုပ်လုပ်တယ်။
ဒီစာကြောင်းတွေ ကြည့်လိုက်မယ်ဆိုရင် from…to.. ပုံစံသုံးတဲ့အခါ စတင်တဲ့ အချိန်တစ်ခုကနေ အချိန်ကာလတစ်ခုအထိ ရောက်ရှိတာကို ပြမှန်း မြင်သာတာပေါ့။ ပထမဝါကျမှာဆို ၂၀၀၃ ခုနှစ်က စတင်ပြီး ၂၀၁၀ အထိ အချိန်ကာလကို ပြတယ်။ ဒုတိယစာကြောင်းမှာဆိုရင် တနင်္လာကစတင်ပြီး သောကြာနေ့အထိ အချိန်ကာလကို ပြတယ်။
from…until..ပုံစံသုံးလို့လည်း ရတယ်။
§  We lived in Japan from 2003 until 2010.
ကျွန်တော်တို့ ဂျပန်မှာ ၂၀၀၃ ခုနှစ်က ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
v  until…
until က ဒီနေရာတွေမှာ “အထိ၊ တိုင်အောင်” လို့ အဓိပ္ပာယ်ရပါတယ်။ until ကို ခုလို တွဲဖက်သုံးနိုင်တယ်။
§  until Friday – သောကြာနေ့အထိ/သောကြာနေ့တိုင်အောင်
§  until December – ဒီဇင်ဘာအထိ/ဒီဇင်ဘာတိုင်အောင်
§  until 3 o’clock – သုံးနာရီအထိ/သုံးနာရီတိုင်အောင်
§  until I come back – ငါပြန်လာတဲ့အထိ/ငါပြန်လာတဲ့တိုင်အောင်
ဥပမာလေးတွေ ကြည့်ရအောင်။
·         They’re going away tomorrow.
They’ll be away until Friday.
သူတို့မနက်ဖြန် တခြားကိုသွားလိမ့်မယ်။
သူတို့က သောကြာနေ့အထိ တခြားမှာရှိနေမှာပါ။
·         I went to bed early, but I wasn’t tired.
I read a book until 3 o’clock.
ကျွန်တော် အိပ်ရာစောစောဝင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် မပင်ပန်းခဲ့ဘူး။
ကျွန်တော် ၃နာရီအထိ စာအုပ်တစ်အုပ်ဖတ်ခဲ့တယ်။
·         Wait here until I come back.
ငါပြန်လာတဲ့အထိ ဒီနေရာမှာ စောင့်နေပါ။
          till ကိုလည်း သုံးနိုင်ပါတယ်။ until နဲ့ အဓိပ္ပာယ်အတူတူပါပဲ။
·         Wait here until I come back.
ငါပြန်လာတဲ့အထိ ဒီနေရာမှာ စောင့်နေပါ။
          နှိုင်းယှဉ်လေ့လာကြည့်ရအောင်။
§  “How long will be you be away?” “Until Mondy.”
“မင်း တခြားမှာ ဘယ်လောက်ကြာအောင် နေမှာလဲ” “တနင်္လာနေ့အထိပါ”
§  “When are you coming back?” “On Monday.”
“ဘယ်အချိန် မင်းပြန်လာမှာလဲ” “တနင်္လာနေ့ပါ”
since အကြောင်းကိုလည်း လေ့လာကြည့်ရအောင်။
since က မြန်မာလိုဆိုရင် ကတည်းက လို့ အဓိပ္ပာယ်ရပါတယ်။ အင်္ဂလိပ်လိုတော့ ခုလိုမှတ်ထားပါ။
v  since + a time in the past (to now)
since ကို present perfect (have been/have done etc.) နဲ့ သုံးနိုင်ပါတယ်။
ခုလိုပုံစံတွေ သုံးနိုင်တာပေါ့။
§  since Monday - တနင်္လာနေ့ကတည်းက
§  since 1998 - ၁၉၉၈ ခုနှစ်ကတည်းက
§  since 2.30 - ၂.၃၀ ကတည်းက
§  since I arrived - ငါရောက်ကတည်းက
ဥပမာတွေ ကြည့်ပါဦး။
§  Joe is in hospital. He has been in hospital since Monday. (= from Monday to now)
ဂျိုးက ဆေးရုံမှာ။ သူတနင်္လာနေ့ကတည်းက ဆေးရုံတက်နေရတာ။
§  Sue and Dave have been married since 1998. (= from 1998 to now)
ဆူးနဲ့ ဒေ့ဗ်က ၁၉၉၈ ခုနှစ်ကတည်းက အိမ်ထောင်ပြုထားတာ။
§  It has been raining since I arrived.
ကျွန်တော် ပြန်ရောက်ကတည်းက မိုးရွာနေတာ။
နှိုင်းယှဉ်ကြည့်ရအောင်။
§  We lived in Japan from 2003 to 2010.
ကျွန်တော်တို့ ဂျပန်မှာ ၂၀၀၃ ခုနှစ်က ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
§  We lived in Japan until 2010.
ကျွန်တော်တို့ ဂျပန်မှာ ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
§  Now we live in Canada. We came to Canada in 2010.
ကျွန်တော်တို့က ကနေဒါမှာနေတယ်။ ကျွန်တော်တို့ ၂၀၁၀ ခုနှစ်မှာ ကနေဒါကို လာခဲ့ကြတာ။
We have lived in Canada since 2010. (= form 2010 until now)
ကျွန်တော်တို့ ကနေဒါမှာ ၂၀၁၀ ခုနှစ်ကတည်းက နေလာကြတယ်။
          အချိန်အပိုင်းအခြားတစ်ခုနဲ့ဆိုရင် since မသုံးဘဲ for ကို သုံးရတယ်။
v  for + a period of time (three days/ten years etc.)
§  Joe has been in hospital for three days.
ဂျိုး ဆေးရုံတက်နေရတာ သုံးရက်ရှိပြီ။
          အသေးစိတ်ကြည့်ရအောင်။ for ကို ဒီလိုမျိုး သုံးလို့ရပါတယ်။
§  for three days - သုံးရက်ကြာအောင်
§  for ten years - ဆယ်ရက်ကြာအောင်
§  for five minutes - ငါးမိနစ်ကြာအောင်
§  for a long time - အချိန်အကြာကြီး
ဥပမာလေးတွေ ကြည့်ရအောင်။
§  Gary stayed with us for three days.
ဂယ်ရီက ကျွန်တော်တို့နဲ့ သုံးရက်ကြာနေသွားခဲ့တယ်။
§  I’m going away for a few weeks.
ကျွန်တော် ရက်သတ္တပတ်အနည်းငယ်ကြာအောင် တခြားသွားမယ်။
§  I’m going away for the weekend.
ကျွန်တော် ဒီစနေ၊ တနင်္ဂနွေမှာ တခြားသွားမယ်။
§  They’ve been married for ten years.
သူတို့ အိမ်ထောင်ပြုထားတာ ဆယ်နှစ်ကြာပြီ။
ဒီလောက်ဆိုရင် သိသင့်သိထိုက်တာတွေ နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Ray

Sunday, December 8, 2019

ကျမ်းပြုစာဆို ဆရာယုဒသန်


ကျမ်းပြုစာဆို ဆရာယုဒသန်
ဝင်းနိုင်ဦး (ရေနံ)
မူရင်း Honore Willsie ၏ Splender of God: The Life of Adoniram Judson
(စာမျက်နှာ ၂၁၅ ရွက်ကို အကျဉ်းချုပ်ထားပါတယ်)
မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက် ၁၈၃၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ အဒိုနီယမ် ဂျဒ်ဆင် (ဆရာ ယုဒသန်) နဲ့ ဇနီး အန်တို့က ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။ ဂျဒ်ဆင်က အသက် ၂၅ နှစ်အရွယ် လူငယ်ဖြစ်ပြီး အန်က အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။ ဂျဒ်ဆင်က ခရစ်ယန် နှစ်ခြင်းသာသနာပြုဝင်းက ဖိလစ်ကယ်ရီနဲ့ ဇနီး မကယ်ရီရဲ့ အကူအညီနဲ့နေပြီး မောင်ရွှေနှောင်းလို့ ခေါ်တဲ့ မြန်မာဆရာတစ်ယောက်ဆီက မြန်စာစကားနဲ့ စာပေ၊ ပါဠိစာပေတွေကို သင်ယူပါတယ်။ တစ်နေ့ကို ၁၄ နာရီကြိုးစားသင်ကြားတယ်။ အချိန်တိုအတွင်းမှာ ဂျဒ်ဆင်က မြန်မာစကားနဲ့ စာပေကို တတ်ကျွမ်းလာပါတယ်။
ဂျဒ်ဆင်နဲ့ ဇနီးက မြန်မာအရာရှိတွေနဲ့ အဆင်ပြေအောင် လက်ဆောင်ပဏ္ဏာပေးဖို့ စိတ်ကူးရကြတယ်။ ရန်ကုန်မြို့ဝန်ကို သူတို့လက်ဖွဲ့ရထားတဲ့ ပန်းချီကားကြီး လက်ဆောင်ပေးတဲ့အခါ မြို့ဝန်က သဘောကျပြီး မြို့တွင်းမှာ မြေဝယ်ခွင့်ပေးလိုက်တော့ မြို့ပြင်ဘက်မှာရှိတဲ့ သာသနာပြုအိမ်ကနေ မြို့တွင်းမှာ အိမ်ဆောက်ပြီး ပြောင်းရွှေ့နေတယ်။ သူတို့ဇနီးမောင်နှံနဲ့အတူ ထမင်းချက် ကူးချီ၊ ခြံစောင့်မောင်နောနဲ့ ဇနီးမဗိုက်တို့ ပါလာပါတယ်။
ဂျဒ်ဆင်ရဲ့ဇနီး အန်က ငှက်ဖျားရောဂါဖြစ်တဲ့အခါ ရန်ကုန်မှာ ဥရောပသား ဆရာဝန်မရှိတဲ့အတွက် ဆီရမ်ပူးကို သူတို့စီးလာခဲ့တဲ့ ဂျော်ဂျီယားနား သဘောင်္နဲ့ သုံးလလောက်ပို့ပြီး ဆေးကုပေးတယ်။ အန် ပြန်ရောက်တဲ့အခါ အမေရိကန် နှစ်ခြင်းသာသနာပြုအဖွဲ့က စာပါလာတယ်။ စာထဲမှာ နိုင်ငံခြားနှစ်ခြင်းသာသနာပြုအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း၊  ဂျဒ်ဆင်တို့အတွက် စရိတ်ကို ထောက်ပံ့ရန် ကတိပေးလိုက်ကြောင်း ပါပါတယ်။ အခက်အခဲတွေ ပြေလည်ပြီမို့ သာသနာပြုလုပ်ငန်း စပါတယ်။
ရန်ကုန်မှာ ဂျဒ်ဆင်တို့ ဇနီးမောင်နှံက သားလေး ရောဂျားကို မွေးဖွားပါတယ်။ ဒါပေမဲ့ ရောဂျား အသက် ၈ လအရောက်မှာ အပြင်းဖျားပြီး အသက်ဆုံးပါးခဲ့ပါတယ်။ ဂျဒ်ဆင်တို့ ဇနီးမောင်နှံသောက ဖိစီးခဲ့ပါတယ်။ ဂျဒ်ဆင်ရဲ့ဆရာ ကိုရွှေနှောင်းက ဂျဒ်ဆင်ရဲ့သောက ပြေပျောက်အောင် စာသင်ကြားမှုကို အတင်းအကျပ်လုပ်တယ်။ အန်ကလည်း ဖြောင့်ဖျတယ်။ နောက် ဂျဒ်ဆင်က သမ္မာကျမ်းစာကို အထူးကြိုးစားပြီး ဘာသာပြန်ပါတော့တယ်။ ဇူလိုင်လမှာ နှစ်ခြင်းသာသနာပြုအဖွဲ့က စာပုံနှိပ်ဆရာနဲ့ သာသနာပြု ဂျော့ဟောက်နဲ့ဇနီးကို ရန်ကုန်လွှတ်လိုက်မယ့်အကြောင်း စာပို့တယ်။ မြန်မာယောင်္ကျားအားလုံး စာဖတ်တတ်သူများဖြစ်တဲ့အတွက် ပိုပြီးထိရောက်မှာဖြစ်လို့ ဂျဒ်ဆင်ဝမ်းသာတယ်။
ဟောက်တို့နဲ့အတူ ပုံနှိပ်စက်နဲ့ မြန်မာခဲစာလုံးတွေ ပါလာတဲ့အတွက် ဂျဒ်ဆင်တို့ အားတက်ပြီး ခရစ်ယာန်ကျမ်းစာတွေကို မြန်မာပြန်ဖို့ ပိုကြိုးစားခဲ့တယ်။ ဂျဒ်ဆင်က မြန်မာသဒ္ဒါကျမ်းတစ်စောင်ကို အင်္ဂလိပ်လို ပြုစုပြီးပါပြီ။ ပါဠိ-မြန်မာ အဘိဓာန်ကို စတင်ပြုစုနေတယ်။ အဲဒီနောက် မြန်မာစာလုံးတွေကို ရွေးထုတ်ပြီး မြန်မာ-အင်္ဂလိပ်အဘိဓာန်ကို ဆက်လက်ပြုစုတယ်။ ၁၈၁၆ ဇန်နဝါရီက စပြီး ရှင်မဿဲခရစ်ဝင်ကို မြန်မာပြန်တယ်။ စာမျက်နှာ ၇ မျက်နှာရှိတဲ့ ခရစ်ဘာသာရေးတရားကျမ်းအဖွင့်ကို ရေးသားပြီး စောင်ရေ ၁၀၀၀ ပုံနှိပ်တယ်။ ရှင်မဿဲခရစ်ဝင်ရဲ့ ဧဝံဂလိကျမ်းကို စောင်ရေ ၈၀၀ ပုံနှိပ်တယ်။ ပုံနှိပ်ပြီးကျမ်းစာတွေကို လက်လှမ်းမီရာပရိသတ်ကို ဝေငှတယ်။ တရားဟော ဇရပ်ဆောက်ပြီး လမ်းသွားလမ်းလာတွေကို မြန်မာဘာသာနဲ့ ဇရပ်ပေါ်ကနေ ခရစ်ယန်တရားဟောတယ်။
မောင်နောက ခရစ်ယန်ဘာသာဝင်ရန် ပထမဆုံး ဆုံးဖြတ်လိုက်တဲ့သူ ဖြစ်လာတယ်။ ဘိုးတော်ဘုရား နတ်ရွာစံပြီး ဘကြီးတော် နန်းတက်တဲ့ အချိန်မှာ နှစ်ခြင်းမင်္ဂလာကို လုပ်ခဲ့တယ်။ ဘာသာပြောင်းတဲ့သူတွေ မင်းပြစ်မင်းဒဏ်သင့်မှာမို့ နိုင်ငံရေးအပြာင်းအလဲဖြစ်ချိန်မှာ စွန့်စွန့်စားစား လုပ်ခဲ့ကြတာပါ။ ၁၈၁၉ ခု၊ ဇွန်လ ၂၇ ရက်နေ့မှာ မောင်နောကို နှစ်ခြင်းမင်္ဂလာပြုခဲ့ပါတယ်။
ဂျဒ်ဆင်က အမရပူရကို သွား၊ ဘကြီးတော်မင်းကို အခစားဝင်ပြီး ခရစ်ယာန်ဘာသာ သင်ကြားခွင့်ပြုရန်၊ မြန်မာတို့ထဲမှာ ဘာသာကို နှစ်ခြိုက်ပြီး ဝင်လာသူတွေကို အပြစ်ဒဏ်မပေးရန် အသနားခံ တောင်းဆိုတယ်။ ဘကြီးတော်မင်းက ငြင်းဆိုလိုက်ပါတယ်။
ဂျဒ်ဆင်ရန်ကုန်ပြန်လာပြီး သာသနာပြုအလုပ်ပြန်လုပ်တယ်။ ဒုတိယမြောက် ခရစ်ယာန်ဘာသာဝင်သူ မောင်အင်ကို နှစ်ခြင်းမင်္ဂလာလုပ်ပေးနိုင်ခဲ့တယ်။ နန်းတော်ကုန်း၊ ပုစွန်တောင် စတဲ့ရွာက မြန်မာတွေကို စည်းရုံးပြီး ခရစ်ယာန်ဘာသာ ကူးပြောင်းပေးနိုင်ခဲ့တယ်။ မြန်မာ့နိုင်ငံရေးရှုပ်ထွေးပြီး စစ်ရိပ်စစ်ရောင်ရှိနေချိန်ကို အခွင့်ကောင်းယူပြီး ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန် နှစ်ခြင်းသာသနာပြုအဖွဲ့က သာသနာပြု ဒေါက်တာပရိုက်စ်နဲ့ ဇနီးကို မြန်မာနိုင်ငံပို့လိုက်တယ်။ ဒေါက်တာပရိုက်စ် ဆေးကုတာတော်တဲ့အတွက် ဘုရင်က နေပြည်တော်ခေါ်ဖို့ အမိန့်ချတယ်။ ဂျဒ်ဆင်က ဒေါက်တာပရိုက်စ်နဲ့ လိုက်ပါဖို့ သဘောတူလိုက်တယ်။
ဒေါက်တာပရိုက်စ်က အင်းဝနန်းတော်မှာ နေရာရခဲ့တယ်။ ဘုရင်မင်းမြတ်က ဂျဒ်ဆင်ရဲ့ဟောပြောချက်ကြောင့် မြန်မာတွေ ခရစ်ယာန်ဘာသာကူးပြောင်းတာကို အပြစ်မယူ၊ စိတ်ဝင်စားမှုမရှိတဲ့အတွက် ဂျဒ်ဆင်လည်း နန်းတွင်းမှာ အဆင်ပြေပြေ ပေါင်းသင်းနေထိုင်နိုင်ခဲ့တယ်။
အင်္ဂလိပ် မြန်မာ စစ်ဖြစ်ပြီး အင်္ဂလိပ်တွေက ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ အရေးအခင်းမှာပါတဲ့ သူလျှိုတွေကို စုံစမ်းစစ်ဆေးပါတော့တယ်။ ဂျဒ်ဆင်ကိုလည်း ဖမ်းဆီးပြီး လက်မရွံထောင်မှာ ချုပ်ပါတယ်။ ဒေါက်တာပရိုက်စ်၊ ရောဂျားတို့လည်း အဖမ်းခံရပါတယ်။ ဂျဒ်ဆင်က ဗိုလ်ချုပ်ကြီး မဟာဗန္ဓုလဆီမှာ အသနားခံဖို့ စီစဉ်တဲ့အခါ အန်ကိုယ်တိုင် မဟာဗန္ဓုလရှေ့မှောက်ခစားပြီး အသနားခံခဲ့တယ်။ အန်က ကိုယ်ဝန်ရှိနေတဲ့အတွက် ဂျဒ်ဆင်ထောင်ထဲရှိနေစဉ်မှာ မိန်းကလေး မွေးဖွားတယ်။
နောက်တော့ ဗိုလ်ချုပ်ကင်းဘဲတို့ အင်္ဂလိပ်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဖို့ မင်းသားမင်းမြတ်ဗိုလ်အမိန့်အရ ဂျဒ်ဆင်က ဆောင်ရွက်ရတယ်။ ကိစ္စပြီးတဲ့အခါ ဂျဒ်ဆင်ကို အင်းဝကို ပြန်ပို့ပြီး ချုပ်ထားတယ်။ အန်ရဲ့ တစ်ရက်ခြားဆိုသလို တစ်နှစ်ပတ်လုံး အသနားခံချက်အရ ဝင်းတော်မှူးခဲပေါင်ဝန်ကြီးက ဂျဒ်ဆင်ကို အင်းဝကနေ ဘယ်ကိုမှမသွားပါဘူးဆိုတဲ့ ကတိနဲ့ သိုသိုသိပ်သိပ်နေဖို့ မှာပြီး လွှတ်ပေးလိုက်တယ်။
အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်တဲ့အခါ အင်္ဂလိပ်တွေက စစ်လျော်ကြေးကို လေးရစ်ခွဲပေးဖို့ သဘောတူပေမဲ့ ပထမအရစ် စစ်လျော်ကြေးကို ၁၂ ရက်အတွင်း ပေးဖို့၊ ဂျဒ်ဆင်နဲ့ ဒေါက်တာပရိုက်စ်အပါအဝင် ချုပ်နှောင်ထားသူ မျက်နှာဖြူအားလုံးကို လွှတ်ပေးဖို့ ဆိုတာတွေ တောင်းဆိုတယ်။ ဘကြီးတော်မင်းက မလွှဲသာလို့ သဘောတူတဲ့အခါ ဂျဒ်ဆင်တို့ မိသားစု ဗိုလ်ချုပ်ကြီး ကင်းဘဲတို့နဲ့အတူ ရန်ကုန်ကို လိုက်ပါလာခဲ့တယ်။
ရန္တပိုစာချုပ်အရ ဗြိတိသျှလက်အောက် ရောက်ခဲ့တဲ့ တနင်္သာရီကမ်းရိုးတန်းဒေသအတွက် မြို့တော်ရွေးချယ်ဖို့ မြို့ပြတိုင်းမင်းကြီး ဂျွန်ကရောဖို့က ဂျဒ်ဆင်ကို သူနဲ့လိုက်ပါကူညီဖို့ အကူအညီတောင်းတယ်။ သူတို့က တနင်္သာရီနယ်ရဲ့ မြို့တော်အဖြစ် ကျိုက္ခမီကို ရွေးချယ်ခဲ့တယ်။ ဂျဒ်ဆင်က သာသနာပြုစခန်းကို ရန်ကုန်ကနေ ကျိုက္ခမီပြောင်းဖွင့်ခဲ့တယ်။ အလုပ်ကြိုးစားနေစဉ်မှာပဲ ဂျဒ်ဆင်ရဲ့ ဇနီးအန်နဲ့ သမီးလေး မရီယာဆုံးပါးတဲ့အတွက် ဂျဒ်ဆင် ချုံးချုံးကျခဲ့ရတယ်။
အမေရိကန်သာသနာပြုအဖွဲ့က ဂျော့နဲ့ ဆာရာဘုဒ်မင်းတို့ကို မြန်မာပြည်ကို ထပ်စေလွှတ်ထားတယ်။ ဗိုလ်ချုပ်ကြီး ကင်းဘဲက မုတ္တမတစ်ဖက်ကမ်း သံလွင်မြစ်ဝအထက် ၂၅ မိုင်အကွာမှာရှိတဲ့ မော်လမြိုင်မှာ ဌာနချုပ်ဖွင့်တဲ့အခါ ကျိုက္ခမီကို လူတွေမလာတော့ဘဲ မော်လမြိုင်မြို့ကို လူတွေ ပြောင်းရွှေ့နေထိုင်ပြီး မြို့ကြီးဖြစ်လာတယ်။ ဂျဒ်ဆင်က ဘုဒ်မင်းတို့ကို မော်လမြိုင်ပို့ပြီး နှစ်ခြင်းသာသနာပြုစခန်းဖွင့်ဖို့ စီစဉ်တယ်။
အန်ဆုံးပြီးတဲ့အခါ ဂျဒ်ဆင်ဖြေမဆည်နိုင်ဖြစ်နေရတဲ့အတွက် မိတ်ဆွေတွေက စိတ်ပူတယ်။ ဂျဒ်ဆင်က သူတစ်သက်တာလုံးစုဆောင်းလာတဲ့ ဒေါ်လာ ၆၀၀၀ ကို သာသနာပြုအဖွဲ့ကို လှူလိုက်တယ်။ သူတောင့်တခဲ့ရတဲ့ သူပညာသင်ကြားခဲ့ရာ ဘရောင်ယူနီဗာစတီက ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ကို ငြင်းပယ်လိုက်တယ်။ သူ့ရဲ့ ကျော်စောထင်ရှားမှုကို မက်မောတဲ့စိတ်ကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
ဂျဒ်ဆင်က ရန်ကုန်ပြန်ပြီး သာသနာပြုစခန်းပြန်ဖွင့်မယ်လို့ ဆုံးဖြတ်တယ်။ သူ့ကို တားကြပေမဲ့ ရန်ကုန်ပြန်သွားတယ်။ ဂျဒ်ဆင် ရန်ကုန်မှာ ရှိနေစဉ်မှာ ဆာရာဘုဒ်မင်းရဲ့ ခင်ပွန်း ဂျော့ဘုဒ်မင်း ဆုံးပါးသွားကြောင်း စာရောက်လာတယ်။
ဂျဒ်ဆင်ရဲ့တောင်းဆိုချက်အရ ၁၈၃၃ နှစ်ဦးပိုင်းမှာ အမေရိကန်သာသနာပြုဆရာ ခြောက်ဦး မော်လမြိုင်ရောက်လာတဲ့အတွက် သူတို့ကို နေရာချထားပေးဖို့ မော်လမြိုင်ကို သွားတယ်။ အမေရိကန် နှစ်ခြင်းသာသနာပြုအဖွဲ့က ဂျဒ်ဆင်ဟာ မြန်မာပြည်သာသနာပြုရေးမှာ အဓိကခေါင်းဆောင်ကြီး ဖြစ်တဲ့အတွက် ကျန်းမာရေးမထိခိုက်အောင် မော်လမြိုင်မှာပဲနေပြီး သမ္မာကျမ်းစာကို ပြီးပြတ်အောင် ဘာသာပြန်ဖို့ ညွှန်ကြားတယ်။
ဂျဒ်ဆင်က သူ့အပေါ်မှာ နားလည်ပေးနိုင်ပြီး အချင်းချင်းအပြန်အလှန် အားပေးကူညီနိုင်တဲ့ ဆာရာနဲ့ လက်ထပ်ခဲ့ပါတယ်။