နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, December 10, 2019

from …to until since for

Prepositions တွေထဲမှာမှ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံလေးတွေကို ကြည့်ကြရအောင်။
v  from….to….
§  We lived in Japan from 2003 to 2010.
ကျွန်တော်တို့ ဂျပန်မှာ ၂၀၀၃ ခုနှစ်က ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
§  I work from Monday to Friday.
ကျွန်တော်က တနင်္လာနေ့က သောကြာနေ့အထိ အလုပ်လုပ်တယ်။
ဒီစာကြောင်းတွေ ကြည့်လိုက်မယ်ဆိုရင် from…to.. ပုံစံသုံးတဲ့အခါ စတင်တဲ့ အချိန်တစ်ခုကနေ အချိန်ကာလတစ်ခုအထိ ရောက်ရှိတာကို ပြမှန်း မြင်သာတာပေါ့။ ပထမဝါကျမှာဆို ၂၀၀၃ ခုနှစ်က စတင်ပြီး ၂၀၁၀ အထိ အချိန်ကာလကို ပြတယ်။ ဒုတိယစာကြောင်းမှာဆိုရင် တနင်္လာကစတင်ပြီး သောကြာနေ့အထိ အချိန်ကာလကို ပြတယ်။
from…until..ပုံစံသုံးလို့လည်း ရတယ်။
§  We lived in Japan from 2003 until 2010.
ကျွန်တော်တို့ ဂျပန်မှာ ၂၀၀၃ ခုနှစ်က ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
v  until…
until က ဒီနေရာတွေမှာ “အထိ၊ တိုင်အောင်” လို့ အဓိပ္ပာယ်ရပါတယ်။ until ကို ခုလို တွဲဖက်သုံးနိုင်တယ်။
§  until Friday – သောကြာနေ့အထိ/သောကြာနေ့တိုင်အောင်
§  until December – ဒီဇင်ဘာအထိ/ဒီဇင်ဘာတိုင်အောင်
§  until 3 o’clock – သုံးနာရီအထိ/သုံးနာရီတိုင်အောင်
§  until I come back – ငါပြန်လာတဲ့အထိ/ငါပြန်လာတဲ့တိုင်အောင်
ဥပမာလေးတွေ ကြည့်ရအောင်။
·         They’re going away tomorrow.
They’ll be away until Friday.
သူတို့မနက်ဖြန် တခြားကိုသွားလိမ့်မယ်။
သူတို့က သောကြာနေ့အထိ တခြားမှာရှိနေမှာပါ။
·         I went to bed early, but I wasn’t tired.
I read a book until 3 o’clock.
ကျွန်တော် အိပ်ရာစောစောဝင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် မပင်ပန်းခဲ့ဘူး။
ကျွန်တော် ၃နာရီအထိ စာအုပ်တစ်အုပ်ဖတ်ခဲ့တယ်။
·         Wait here until I come back.
ငါပြန်လာတဲ့အထိ ဒီနေရာမှာ စောင့်နေပါ။
          till ကိုလည်း သုံးနိုင်ပါတယ်။ until နဲ့ အဓိပ္ပာယ်အတူတူပါပဲ။
·         Wait here until I come back.
ငါပြန်လာတဲ့အထိ ဒီနေရာမှာ စောင့်နေပါ။
          နှိုင်းယှဉ်လေ့လာကြည့်ရအောင်။
§  “How long will be you be away?” “Until Mondy.”
“မင်း တခြားမှာ ဘယ်လောက်ကြာအောင် နေမှာလဲ” “တနင်္လာနေ့အထိပါ”
§  “When are you coming back?” “On Monday.”
“ဘယ်အချိန် မင်းပြန်လာမှာလဲ” “တနင်္လာနေ့ပါ”
since အကြောင်းကိုလည်း လေ့လာကြည့်ရအောင်။
since က မြန်မာလိုဆိုရင် ကတည်းက လို့ အဓိပ္ပာယ်ရပါတယ်။ အင်္ဂလိပ်လိုတော့ ခုလိုမှတ်ထားပါ။
v  since + a time in the past (to now)
since ကို present perfect (have been/have done etc.) နဲ့ သုံးနိုင်ပါတယ်။
ခုလိုပုံစံတွေ သုံးနိုင်တာပေါ့။
§  since Monday - တနင်္လာနေ့ကတည်းက
§  since 1998 - ၁၉၉၈ ခုနှစ်ကတည်းက
§  since 2.30 - ၂.၃၀ ကတည်းက
§  since I arrived - ငါရောက်ကတည်းက
ဥပမာတွေ ကြည့်ပါဦး။
§  Joe is in hospital. He has been in hospital since Monday. (= from Monday to now)
ဂျိုးက ဆေးရုံမှာ။ သူတနင်္လာနေ့ကတည်းက ဆေးရုံတက်နေရတာ။
§  Sue and Dave have been married since 1998. (= from 1998 to now)
ဆူးနဲ့ ဒေ့ဗ်က ၁၉၉၈ ခုနှစ်ကတည်းက အိမ်ထောင်ပြုထားတာ။
§  It has been raining since I arrived.
ကျွန်တော် ပြန်ရောက်ကတည်းက မိုးရွာနေတာ။
နှိုင်းယှဉ်ကြည့်ရအောင်။
§  We lived in Japan from 2003 to 2010.
ကျွန်တော်တို့ ဂျပန်မှာ ၂၀၀၃ ခုနှစ်က ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
§  We lived in Japan until 2010.
ကျွန်တော်တို့ ဂျပန်မှာ ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
§  Now we live in Canada. We came to Canada in 2010.
ကျွန်တော်တို့က ကနေဒါမှာနေတယ်။ ကျွန်တော်တို့ ၂၀၁၀ ခုနှစ်မှာ ကနေဒါကို လာခဲ့ကြတာ။
We have lived in Canada since 2010. (= form 2010 until now)
ကျွန်တော်တို့ ကနေဒါမှာ ၂၀၁၀ ခုနှစ်ကတည်းက နေလာကြတယ်။
          အချိန်အပိုင်းအခြားတစ်ခုနဲ့ဆိုရင် since မသုံးဘဲ for ကို သုံးရတယ်။
v  for + a period of time (three days/ten years etc.)
§  Joe has been in hospital for three days.
ဂျိုး ဆေးရုံတက်နေရတာ သုံးရက်ရှိပြီ။
          အသေးစိတ်ကြည့်ရအောင်။ for ကို ဒီလိုမျိုး သုံးလို့ရပါတယ်။
§  for three days - သုံးရက်ကြာအောင်
§  for ten years - ဆယ်ရက်ကြာအောင်
§  for five minutes - ငါးမိနစ်ကြာအောင်
§  for a long time - အချိန်အကြာကြီး
ဥပမာလေးတွေ ကြည့်ရအောင်။
§  Gary stayed with us for three days.
ဂယ်ရီက ကျွန်တော်တို့နဲ့ သုံးရက်ကြာနေသွားခဲ့တယ်။
§  I’m going away for a few weeks.
ကျွန်တော် ရက်သတ္တပတ်အနည်းငယ်ကြာအောင် တခြားသွားမယ်။
§  I’m going away for the weekend.
ကျွန်တော် ဒီစနေ၊ တနင်္ဂနွေမှာ တခြားသွားမယ်။
§  They’ve been married for ten years.
သူတို့ အိမ်ထောင်ပြုထားတာ ဆယ်နှစ်ကြာပြီ။
ဒီလောက်ဆိုရင် သိသင့်သိထိုက်တာတွေ နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Ray

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ