နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, December 3, 2019

and but or so because

ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့ ဒါတွေက စကားစပ်တွေ ဖြစ်တယ်၊ အင်္ဂလိပ်လို conjunctions လို့ ခေါ်တယ်ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဟုတ်ပြီ ဒါဆိုရင် and, but, or, so, because စတဲ့ စကားလုံးတွေကို ဘယ်လိုသုံးရမလဲ။ အင်္ဂလိပ်လို အရင်မှတ်သားကြရအောင်။
v  We use these words (conjunctions) to join two sentences. They make one longer sentence from two shorter sentences.
ကျွန်တော်တို့က ဒီစကားလုံးတွေ (စကားဆက်များ) ကို ဝါကျနှစ်ကြောင်းကို ဆက်ဖို့ သုံးပါတယ်။ သူတို့က ဝါကျတိုနှစ်ကြောင်းကနေ ပိုရှည်တဲ့ဝါကျတစ်ကြောင်းကို ဖြစ်စေပါတယ်။
ဥပမာကြည့်ရအောင်။ ဝါကျတိုတစ်ကြောင်းပေါ့။ sentence A လို့ ထားလိုက်ပါ။
§  The car stopped.
ကားရပ်သွားတယ်။
ဒုတိယ ဝါကျတိုတစ်ကြောင်း ထပ်ကြည့်မယ်။ sentence B ဆိုပါစို့။
§  The driver got out.
ကားမောင်းသူ အပြင်ထွက်ခဲ့တယ်။
ဒီဝါကျတိုနှစ်ကြောင်းကို စကားဆက်သုံးပြီး ပိုရှည်တဲ့ ဝါကျတစ်ကြောင်းဖြစ်အောင် လုပ်လို့ ရပါတယ်။ စကားဆက် and ကို သုံးပြီး ဆက်ကြည့်ရအောင်။
§  The car stopped and the driver got out.
ကားရပ်သွားပြီး ကားမောင်းသူ အပြင်ထွက်ခဲ့တယ်။
စကားဆက်တွေထဲကမှ and, but, or သုံးခုအကြောင်း အရင်ကြည့်ရအောင်။ တစ်ခုပြီး တစ်ခုလုပ်သွားတာ၊ တူညီတဲ့အကြောင်းအရာ နှစ်ခုကိုဆက်တာကို ပြောချင်ရင် and သုံးရတယ်။ ဆန့်ကျင်ဘက် အကြောင်းအရာနှစ်ခုကို ဆက်ချင်ရင် but သုံးရတယ်။ ရွေးချယ်တာကို ပြချင်ရင် or သုံးရတယ်။ ဒါတွေကို  သိထားမယ်နော်။ ခု ဥပမာတွေနဲ့ ကြည့်ကြပါမယ်။
and but or
§  We stayed at home and (we) watched television.
ကျွန်တော်တို့ အိမ်မှာနေပြိး တီဗီကြည့်ခဲ့တယ်။ (we ကို ထပ်ထည့်ပေးစရာ မလိုပါဘူး။ ဝါကျတစ်ကြောင်းမှန်းသိသာအောင် ထည့်ထားတာပါ)
§  My sister is married and (she) lives in London.
ကျွန်တော့်ရဲ့အစ်မက အိမ်ထောင်နဲ့ဖြစ်ပြီး လန်ဒန်မှာနေတယ်။ (she ထပ်ထည့်ပေးစရာ မလိုပါဘူး)
§  He doesn’t like her and she doesn’t like him.
သူက သူမကို သဘောမကျဘူး။ သူမကလည်း သူ့ကို သဘောမကျဘူး။
§  I bought a sandwich, but I didn’t eat it.
ကျွန်တော်က အသားညှပ်ပေါင်မုန့်တစ်ခုကို ဝယ်လာခဲ့တယ်။ ဒါပေမဲ့ မစားခဲ့ပါဘူး။
§  It’s a nice house, but it doesn’t have any garden.
ဒါက အိမ်ကောင်းတစ်လုံးပါ ဒါပေမဲ့ ဥယျာဉ်မရှိဘူး။
§  Do you want to go out, or are you too tired?
မင်းအပြင်ထွက်ချင်သလား ဒါမှမဟုတ် မင်းပင်ပန်းလွန်းနေပြီလား။
ဒီဝါကျတွေကိုကြည့်မယ်ဆိုရင် ဝါကျတိုနှစ်ခုကို စကားဆက်တစ်ခုနဲ့ ဆက်ပြီး နည်းနည်းပိုရှည်တဲ့ ဝါကျတစ်ကြောင်းဖြစ်အောင် ရေးထားတာ သိနိုင်တာပေါ့။
v  စာရင်းတွေမှာဆိုရင် ကော်မာ (,) သုံးရတယ်။ နောက်ဆုံးတစ်ခုမတိုင်ခင်မှာ and သုံးတယ်။
In lists, we use commas (,). We use and before the last thing:
§  I got home, had something to eat, sat down in an armchair and fell asleep.
ကျွန်တော် အိမ်ပြန်ရောက်တယ်၊ တစ်ခုခုစားတယ်၊ လက်ရန်းကုလားထိုင်မှာထိုင်ပြီး အိပ်ပျော် သွားတယ်။
ဒီဝါကျမှာ လုပ်တဲ့အရာတွေကို စာရင်းအတိုင်း ပြောသွားတယ်။ လုပ်တာတွေက အိမ်ပြန်ရောက်တာ၊ စားတာ၊ ထိုင်တာ၊ အိပ်ပျော်သွားတာ။ စုစုပေါင်းလေးချက်။ ဒါတွေကို ကော်မာခံသွားပြီး နောက်ဆုံးလုပ်တာဖြစ်တဲ့ လက်ရမ်းကုလားထိုင်မှာ အိပ်တာ မတိုင်ခင်မှာ and ထည့်ပေးထားတယ်။
နောက်ဥပမာတစ်ခုကို ကြည့်ရအောင်။
§  Karen is at work, Sue has gone shopping and Chris is playing football.
ကာရင်က အလုပ်မှာ။ ဆူးက ဈေးဝယ်ထွက်သွားပြီး ခရစ္စကတော့ ဘောလုံး ကစားနေတယ်။
so ကတော့ “ထို့ကြောင့်၊ အဲဒါကြောင့်”လို့ မြန်မာလို ပြောနိုင်တယ်။ သူလည်းပဲ ဝါကျတိုနှစ်ခုကို ဆက်တာပဲနော်။ တစ်ခုခုရဲ့ ရလာဒ်ကို ပြောပြဖို့ သုံးတယ်။ ဒီလို အတိုကောက်မှတ်ထားရအောင်။
so (the result of something)
§  It was very hot, so I opened the window.
အရမ်းပူတယ် ဒါကြောင့် ကျွန်တော် ပြတင်းပေါက်ကို ဖွင့်ခဲ့တယ်။
§  Joes does a lot of sport, so he’s very fit.
ဂျိုးက အားကစား အများကြီးလုပ်တယ်။ ဒါကြောင့် သူက သိပ်ကြံ့ခိုင်တယ်။
§  They don’t like travelling, so they haven’t been to many places.
သူတို့က ခရီးသွားရတာ မကြိုက်ဘူး။ ဒါကြောင့် သူတို့ နေရာအများကြီး မရောက်ဖူးဘူး။
          ရလာဒ်ကို ပြောပြချင်ရင် so သုံးရတော့ ခု မှတ်သားပြီးပြီ။ အကြောင်းရင်း၊ အကြောင်းပြချက်ကို ပြောချင်ရင်ရော ဘယ်စကားဆက်သုံးရသလဲ။ because သုံးရပါတယ်။
because (the reason for something)
§  I opened the window because it was very hot.
ကျွန်တော်က ပြတင်းပေါက်ကို ဖွင့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အရမ်းပူတယ်လေ။
§  Joe can’t come to the party because he’s going away.
ဂျိုးက ပါတီပွဲကို မလာနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူက တခြားသွားမှာမို့ပါ။

§  Lisa is hungry because she didn’t have breakfast.
လီဆာက ဗိုက်ဆာနေတယ်။ ဘာလို့လဲဆိုတော့ သူမနက်စာ မစားခဲ့ဘူး။
ခုတွေ့ရတဲ့ ဝါကျတွေအာလုံးက because ကို အလည်မှာထားသုံးတာချည်းပဲနော်။ because က ဝါကျရဲ့အစမှာလည်း ရှိနိုင်ပါတယ်။
ဥပမာ
§  Because it was very hot, I opened the window.
အရမ်းပူတဲ့အတွက်ကြောင့် ကျွန်တော် ပြတင်းပေါက်ကို ဖွင့်ခဲ့တယ်။
ဝါကျနှစ်ကြောင်းကို စကားဆက်တစ်ခုတည်းနဲ့ ဆက်ရမယ်လို့ ပုံသေမမှတ်နဲ့နော်။ ဒီဥပမာတွေ အားလုံးမှာ စကားဆက် တစ်ခုထက်မက ရှိပါတယ်။
§  It was late and I was tired, so I went to bed.
နောက်ကျနေပြီး ကျွန်တော်လည်း ပင်ပန်းနေတယ်။ ဒါကြောင့် ကျွန်တော် အိပ်ရာ ဝင်ခဲ့တယ်။
§  I always enjoy visiting London, but I wouldn’t like to live there because it’s too big.
ကျွန်တော် လန်ဒန်ကို အလည်သွားရတာ အမြဲမွေ့လျော်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ မနေချင်ဘူး။ ဘာလို့လဲဆိုတော့ လန်ဒန်မြို့က ကြီးလွန်းတယ်လေ။
ဒီလောက်ဆိုရင် သိသင့်သိထိုက်တာတွေ နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Ray

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ