နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, December 3, 2019

one/ones


one ဆိုတာ တစ်ခု၊ တစ်ကောင်၊ တစ်ယောက် စသည်ဖြင့် အဓိပ္ပာယ်ရတာတော့ သိပြီးသား ဖြစ်ပါလိမ့်မယ်။ one (= a) ပေါ့။
ဥပမာတစ်ခု ကြည့်ရအောင်။

ပုံထဲမှာ အမျိုးသမီးက ကလေးကို ပြောတယ်။
§  These chocolates are good. Would you like one?
ဒီချောကလက်တွေက ကောင်းတယ်။ တစ်ခုလိုချင်သလား။
ဒီနေရာမှာ one ဆိုတာက  a chocolate ကို ဆိုလိုတယ်။ ဒါကြောင့် Would you like one? ဆိုတာက Would you like a chocolate? လို့ ပြောချင်တာပါပဲ။ ဒီလိုလေး မှတ်ထားပါ။
v  one = a/an …. (a chocolate/ an apple etc.)
နောက်ထပ် ဥပမာတွေ ထပ်ကြည့်ရအောင်။
§  I need a pen. Do you have one? (one = a pen)
ငါ ဖောင်တိန်တစ်ချောင်းလိုချင်တယ်။ မင်းမှာ တစ်ချောင်းလောက်ရှိလား။
§  A: Is there a bank near here?
ဒီနားမှာ ဘဏ်ရှိလား။
§  B: Yes, there’s one at the end of this street. (one = a bank)
ဟုတ်ကဲ့ ဒီလမ်းအဆုံးမှာ တစ်ခုရှိတယ်။
one နဲ့ ones ယှဉ်ကြရအောင်။ ကျွန်တော်တို့ မြန်မာအတွေးနဲ့ one ဆိုတာ တစ်ခု၊ ones ဆိုတာ တစ်ခုများ၊ ဒါမှမဟုတ်ရင်လည်း တစ်ခုဆိုတာကို s ထည့်ပြီး ones ထည့်ပြီးသုံးတာမှားတယ်ဆိုတာမျိုး ပုံသေမမှတ်ပါနဲ့။ သူ့ဘာသာစကား သဘာဝအတိုင်းပဲ မှတ်သား သုံးစွဲပါ။ ဒီတော့ ကျွန်တော်တို့ one ကို အရင်ကြည့်ကြမယ်။
v  one က တစ်ခုကိန်း (singular) ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ ပုံကို ကြည့်ပါ။
ပုံထဲမှာ ဦးထုပ်တွေကို ပြပြီး ဒီလိုပြောကြတယ်။

§  Which one do you want?
ဘယ်တစ်ခုကို ခင်ဗျားလိုချင်တာလဲ။
§  This one.
ဒီတစ်ခုပါ။
ဒါဆို Which one? ဆိုတာက Which hat? ကို ဆိုလိုမှန်း သိပြီပေါ့။
ဒီလိုမှတ်ပါ။
v  one = hat/car/girl etc.
this one/ that one ဆိုပြီး သုံးတယ်။
§  Which car is yours? This one or that one? ( = this car or that car)
ခင်ဗျားကားက ဘယ်ကားလဲ။ ဒီကားလား၊ ဟိုကားလား။
the one… နဲ့ညွှန်းချင်တာတွဲသုံးမယ်။
§  A: Which hotel did you stay at?
ဘယ်ဟိုတယ်မှာ ခင်ဗျား တည်းခဲ့တာလဲ။
§  B: The one opposite the station.
ဘူတာနဲ့ မျက်နှာချင်းဆိုင်က တစ်ခုပါ။
§  I found this key. Is it the one you lost?
ငါဒီသော့ကို တွေ့တယ်။ အဲဒါမင်းပျောက်သွားတဲ့ဟာလား။
the ….one ဆိုပြီး ကြားထဲမှာ adjective တစ်ခုခု ထည့်သုံးတယ်။
§  I don’t like the black coat, but I like the brown one.
ငါက ကုတ်အကျအမဲကို မကြိုက်ဘူး။ ဒါပေမဲ့ အညိုရောင်လေးကို ကြိုက်တယ်။
§  Don’t buy that camera. Buy the other one.
ဒီကင်မရာကို မဝယ်နဲ့။ တခြားတစ်ခုကို ဝယ်။
a/an….one ပုံစံနဲ့ သုံးနိုင်တယ်။
§  This cup is dirty. Can I have a clean one?
ဒီခွက်က ညစ်ပတ်နေတယ်။ ခွက်အသန့်လေး ရနိုင်မလား။
§  That biscuit was nice. I’m going to have another one.
ဘီစကစ်လေးက ကောင်းတယ်။ ကျွန်မ နောက်တစ်ခု စားဦးမယ်။
one အကြောင်းပြီးတဲ့အခါ ones ကိုလည်း ကြည့်ရအောင်။
v  ones က အများကိန်း (plural) ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပုံလေးကို ကြည့်ပါ။
ဒီပုံလေးမှာ ပန်းလေးတွေကို ပြပြီး ခုလိုမေးတယ်။

§  Which ones do you want?
ဘယ်ဟာတွေကို ရှင်ကြိုက်လဲ။
§  The white ones.
အဖြူရောင်လေးတွေ။
Which ones? ဆိုတာက Which flowers? ကို ဆိုလိုပါတယ်။
ဒီလိုမှတ်ထားပါ။
v  ones = flowers/cars/girls etc.
these/those ဆိုပြီး ones မပါဘဲသုံးလို့ရသလို these ones/those ones ဆိုပြီးလည်း သုံးနိုင်ပါတယ်။
§  Which flowers do you want? These or those? Or These ones or those ones?
ဘယ်ပန်းတွေ နင်လိုချင်လဲ။ ဒါတွေလား ဟိုဟာတွေလား။
the ones… နဲ့ ညွှန်းချင်တာ တွဲသုံးလို့ရပါတယ်။
§  A: Which books are yours?
ဘယ်စာအုပ်တွေက မင်းဟာတွေလဲ။
§  B: The ones on the table.
စားပွဲပေါ်ကဟာတွေ။
§  I found these keys. Are they the ones you lost?
ဒီသော့တွေကို ငါတွေ့ခဲ့တယ်။ အဲဒါတွေ နင်ပျောက်သွားတဲ့ဟာတွေလား။
the …ones ဆိုပြီး ကြားထဲမှာ adjective တစ်ခုခု ထည့်သုံးတယ်။
§  I don’t like the red shoes, but I like the green ones.
ငါက ရှူးဖိနပ်အနီတွေကို မကြိုက်ဘူး။ ဒါပေမဲ့ အစိမ်းရောင်လေးတွေကို ကြိုက်ပါတယ်။
§  Don’t buy those apples. Buy the other ones.
ဟို ပန်းသီးတွေကို မဝယ်နဲ့။ တခြားဟာတွေကို ဝယ်ပါ။
some….ones ပုံစံနဲ့ သုံးနိုင်တယ်။ တစ်ခုကိန်း (singular) မှာ a/an….one ပုံစံနဲ့ သုံးတာနဲ့ နှိုင်းယှဉ်ကြည့်ပါ။
§  These cups are dirty. Can we have some clean ones?
ဒီခွက်တွေက ညစ်ပတ်နေတယ်။ ခွက်သန့်သန့်လေးတွေ ရနိုင်မလား။
§  My shoes are very old. I’m going to buy some new ones.
ကျွန်တော်ရဲ့ရှူးဖိနပ်တွေက သိပ်ဟောင်းနေတယ်။ ကျွန်တော်ရှူးဖိနပ်အသစ်တွေ ဝယ်မယ်။

Ref: English Gmmar in Use (Raymond Murphy)
4th edition, Cambridge University Press

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ