နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Monday, March 9, 2020

under, behind, opposite etc.


preposition တွေကို ကောင်းကောင်းသုံးစွဲတတ်ရင် ကိုယ်ပြောတဲ့၊ ရေးချင်အခါ မှန်မှန်ကန်ကန် တိတိကျကျ ရှိပါတယ်။ နေရာပြတဲ့ preposition တချို့ကို ကျွန်တော်တို့လေ့လာကြည့်ရအောင်။
next to/ beside/ between/ in front of/ behind ဆိုတဲ့ စကားလုံးတွေကို အရင် လေ့လာကြည့်ရအောင်။

 
ပုံထဲမှာပါတဲ့သူတွေကို A, B, C, D, E ဆိုပြီး အရင် မှတ်ထားကြမယ်။
A နဲ့ B ကို ကြည့်လိုက်ပါ။ ဘယ်လို ရှိနေလဲ။ ဘေးမှာ ရှိနေတယ်၊ ကပ်လျက်ရှိနေတယ် မဟုတ်လား။ ဒါဆိုရင် next to သုံးလို့ ရပါတယ်။ beside သုံးလည်း အတူတူပါပဲ။ ဥပမာ ဝါကျကို ကြည့်ပါ။
§  A is next to B. or A is beside B.
A နဲ့ B ဘေးချင်းကပ်လျက်ရှိတယ်။
ဒါဆို B ကို ကြည့်ပါ။ B က ဘယ်မှာ ရှိလဲ။ A နဲ့ C အကြားမှာ ရှိပါတယ်။ ဒီလို အကြားမှာ ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးဖို့ဆိုရင် between ကို သုံးနိုင်ပါတယ်။
§  B is between A and C.
B က A နဲ့ C အကြားမှာ ရှိပါတယ်။
D ကိုလည်း ကြည့်ရအောင်။ D ဘယ်မှာ ရှိနေလဲ။ D က B ရဲ့ ရှေ့မှာ ရှိပါတယ်။ ရှေ့မှာဆိုတဲ့ စာလုံးက in front of ပါ။ ဒီတော့ ဥပမာလေး ကြည့်မယ်ဆိုရင် -
§  D is in front of B.
D က B ရဲ့ရှေ့မှာ ရှိတယ်။
D က B ရဲ့ရှေ့မှာရှိတာတော့ ဟုတ်ပြီ။ E က ဘယ်မှာရှိသလဲ။ E က B ရဲ့ နောက်မှာ ရှိတယ်လေ။ ဒါဆို behind ဆိုတဲ့ စကားလုံးသုံးပြီး ခုလိုပြောနိုင်တယ်။
§  E is behind B.
E က B ရဲ့ နောက်မှာ။
ဒါဆို စာလုံးလေးတွေကို ပြန်စုကြည့်မယ်။
·         ဘေးမှာ၊ ကပ်လျက်မှာ - next to, beside
·         အကြားမှာ - between
·         ရှေ့မှာ - in front of
·         နောက်မှာ - behind
ခုလို ရှေ့၊နောက်၊ဘေး၊အကြား စသည်ဖြင့် မပြောဘဲ ဘယ်ဘက်မှာ (on the left)၊ ညာဘက်မှာ (on the right)၊ အလယ်မှာ (in the middle) စသည်ဖြင့်လည်း ပြောနိုင်ပါတယ်။
ပုံလေးကြည့်ပြီး နမူနာစာကြောင်းလေးတွေကို ကြည့်ပါဦး။
§  A is on the left.
A က ဘယ်ဘက်မှာ။
§  C is on the right.
C is ညာဘက်မှာ။
§  B is in the middle (of the group).
B က (အုပ်စုရဲ့) အလယ်မှာ။
နောက်ထပ် စကားလုံးနှစ်ခုဖြစ်တဲ့ opposite နဲ့ in front of ကိုလည်း ကြည့်ရအောင်။ ပုံလေးကို အရင်ကြည့်ပါ။

§  A က B ရဲ့ အရှေ့မှာ ထိုင်နေတယ်။ (ဒါဆိုရင် ရှေ့မှာဆိုတဲ့ စကားလုံး in front of သုံးရမယ်)
§  A is sitting in front of B.
A နဲ့ C ထိုင်နေပုံကို ကြည့်ပါဦး။ သူတို့ကျတော့ ရှေ့မှာလို့ ပြောရတာထက် မျက်နှာချင်းဆိုင်မှာ ထိုင်တယ်လို့ ပြောရမယ်။ မျက်နှာချင်းဆိုင် ဆိုတာကို ပြောဖို့ opposite သုံးပါ။
§  A is sitting opposite C.
A က C နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ်။
§  C is sitting opposite A.
C က A နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ်။
          စာလုံးလေးနှစ်ခုကို နှိုင်းယှဉ်ပြီး ပြန်မှတ်ပါဦး။
·         in front of – ရှေ့မှာ
·         opposite - မျက်နှာချင်းဆိုင်
by ကိုလည်း လေ့လာကြည့်ကြဦးစို့။ by က အင်္ဂလိပ်လို next to / beside နဲ့ အဓိပ္ပာယ်တူပါတယ်။ ကပ်လျက်၊ ဘေးမှာဆိုတဲ့ အဓိပ္ပာယ်ပေါ့။



§  Our house is by the sea. ( = beside the sea)
ကျွန်တော်တို့ရဲ့အိမ်က ပင်လယ်ဘေးမှာ။
§  Who is standing by the window?
ပြတင်းပေါက်ဘေးမှာ ဘယ်သူရပ်နေတာလဲ။
§  If you feel cold, why don’t you sit by the fire?
မင်း အေးနေတယ်ဆိုရင် မီးဘေးမှာ ထိုင်ပါလား။
          under က အောက်မှာလို့ အဓိပ္ပာယ်ရပါတယ်။ under ကို သုံးစွဲပုံကိုလည်း ကြည့်ပါဦး။


§  The cat is under the table.
ကြောင်က စားပွဲခုံအောက်မှာ။
§  The girl is standing under a tree.
ကောင်မလေးက သစ်ပင်ရဲ့အောက်မှာ ရပ်နေတယ်။
§  I’m wearing a jacket under my coat.
ကျွန်တော်က ကုတ်အကျရဲ့အောက်မှာ ဂျာကင်အကျဝတ်ထားတယ်။
above နဲ့ below သုံးစွဲပုံကိုလည်း ကြည့်ကြရအောင်။ above က အပေါ်မှာ လို့ အဓိပ္ပာယ်ရပြီး below က အောက်မှာ လို့ အဓိပ္ပာယ်ရတယ်။
 
          ပုံထဲမှာ ကြည့်ပါ။ A က မျဉ်းကြောင်း အပေါ်မှာ ရှိတယ်။ ဒါဆို အင်္ဂလိပ်လို ဒီလိုပြောကြမယ်။
§  A is above the line. ( = higher than the line)
A က မျဉ်းကြောင်းအပေါ်မှာ ရှိတယ်။
          B ကိုကြည့်မယ်ဆိုရင် B က မျဉ်းကြောင်းအောက်မှာရှိတယ်နော်။ ခုလိုပြောရမယ်။
§  B is below the line. ( = lower than the line)
B က မျဉ်းကြောင်းအောက်မှာ ရှိတယ်။
          ဒီပုံကို ကြည့်ပါ။ ပုံတွေက စင်တွေပေါ်မှာ ရှိတယ်နော်။ စင်တွေကျတော့ ပုံတွေအောက်မှာ ရှိတာပေါ့။ အင်္ဂလိပ်လို ဒီလိုပြောကြမယ်။
§  The pictures are above the shelves.
ပုံတွေက စင်ပေါ်မှာ ရှိတယ်။
§  The shelves are below the pictures.
စင်တွေက ပုံအောက်မှာရှိတယ်။
ဒီလောက်ဆိုရင် above နဲ့ below  ကို သုံးစွဲတတ်ပြီ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)


No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ